ဆန်းပြားသောရောဂါ
31-Jul-2017ဆေးခန်းသို့ လူတစ်ဦးခေါင်းငိုက်စိုက်ရောက်လာပြီး -
“ ဆရာ ကျွန်တော်သွေးဆိုးနေတယ်ဆရာ ”
“ မျိုးရိုးရှိလား ”
“ မရှိပါဘူးဆရာ၊ မိန်းမဘက်က ကူးတာဖြစ်မယ် ”
“ မဟုတ်တာဗျာ၊ ခင်ဗျားဘယ်တုန်းက သတိထားမိလဲ ”
“ ယောက္ခမကြီးတွေ အိမ်ကိုပြောင်းလာနေမယ် သတင်းကြားကတည်းက ”
Credit : မှူးအိမ်ဇင်